back

(၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်

Nov 22 • 4:21 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

(၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်

နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တွင် (၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်တွင်းသာသနာပြုဌာန...

နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တွင် (၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်တွင်းသာသနာပြုဌာနခွဲတို့မှ သိရသည်။နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ ၁၃၈၄-၁၃၈၅ ပညာသင်နှစ်တွင် သာသနတက္ကသီလမဟာဓမ္မာစရိယဘွဲ့ M.A (၂၄) ပါးနှင့် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ B.A (၁၁၉) ပါး စုစုပေါင်း သံဃာတော်အရှင်သူမြတ် (၁၄၃) ပါးတို့ကို ဘွဲ့ဆက်ကပ်သွားမည်ဖြစ်သည်။

အဆိုပါ (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၇ ခုနှစ် နတ်တော်လပြည်နေ့ ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၄) ရက် (ကြာသပတေးနေ့) မွန်းလွဲ (၁) နာရီတွင် မရမ်းကုန်းမြို့နယ် ၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။




news-view-count-icon

41