ကိုရီးယားနိုင်ငံရှိ POSCO ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတော်တဆ ဓာတ်လိုက်ခံရမှုကြောင့် လက်ရှိ ဆိုးလ်မြို့ရှိ Seoul Smart Convalescent Hospital (ပြန်လည်ထူထောင်ရေးဆေးရုံ) တွင် ဆေးကုသမှုခံယူနေရသော မြန်မာနိုင်ငံသားအတွက် နိုဝင်ဘာ ၂၀ ရက်နေ့က မြန်မာသံရုံး၊ ဆိုးလ်မြို့၏ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် နှင့်အဖွဲ့က သွားရောက်ကြည့်ရှုခဲ့သည်။ သံအမတ်ကြီးသည် POSCO ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အဆိုပါအလုပ်သမားသည် ကိုရီးယားဥပဒေများနှင့်အညီ ရသင့်ရထိုက်သော အကျိုးခံစားခွင့်များ အပြည့်အဝရရှိရေး နှင့် ၎င်း၏ဘဝဆက်လက်ရပ်တည်နိုင်ရေးအတွက် အထောက်အကူပြုမည့် အစီအမံများ ရရှိနိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဓာတ်လိုက်ခံရသည့် မြန်မာနိုင်ငံသားအတွက် အကျိုးခံစားခွင့် အပြည့်အဝရရှိရေး မြန်မာသံရုံးက ဆောင်ရွက်ပေးနေ
Nov 22 • 1:24 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


