စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် ပဲမျိုးစုံ စိုက်ပျိုးရန် ဧက ၁၉,၇၉၃ ဧက လျာထားရာ ယနေ့အထိ ဧက ၁၂,၁၅၄ ဧက (၆၁.၄၁%) စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက တောင်သူများအနေဖြင့် နှစ်စဉ် တိုးချဲ့စိုက်ပျိုးလာကြပြီး ကုလားပဲသီးနှံကို လယ်ရိတ်သိမ်းပြီးနောက် သီးထပ်အဖြစ် စိုက်ပျိုး လာကြကြောင်း ပြောကြားခဲ့သည်။ စိုက်ပျိုးပြီးစီးသည့် ပဲမျိုးစုံ စုစုပေါင်း ၁၂,၁၅၄ ဧကတွင် မတ်ပဲ (၆,၄၁၀ ဧက) က အများဆုံးဖြစ်ပြီး၊ စားတော်ပဲ (၃,၄၉၆ ဧက) နှင့် စွန်တာပြာ (၁,၈၅၆ ဧက) တို့လည်း အများအပြားပါဝင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။



