မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက် (၅) လမ်းထိပ်ရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုတွင် ယနေ့ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီခန့် ၌ လျှပ်စစ်ရှော့ဖြစ်ရာမှတစ်ဆင့် ဆိုင်အတွင်းရှိ စက်သုံးဆီကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းကြောင့် ဆိုင်ခန်း ၄ ခန်း (ဆိုင်ကယ်ပြင်ဆိုင်၊ စတိုးဆိုင်နှင့် အပ်ချုပ်ပစ္စည်းရောင်းချသည့်ဆိုင်များ) မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဘိုဘိုဝင်းလူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ခံ ကိုဘိုဘိုဝင်းက ပြောသည်။ မွန်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မီးငြှိမ်းသတ်ယာဉ် ၅ စီး အပါအဝင် ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။


မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်တွင် ဆိုင်ကယ်ပြင်ဆိုင်မှ မီးစလောင်ကာ ဆိုင်ခန်း ၄ ခန်း မီးလောင်ဆုံးရှုံး
Nov 22 • 1:19 AM
မြန်မာ
မွန်
မျှဝေမည်
| 35 | 0 | 0 | 0 |


