ဂန္ထဝင်အနုပညာရှင်၊ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး အကယ်ဒမီ ခင်သန်းနု ကွယ်လွန်သည်ဆိုသော သတင်းများသည် သတင်းမှားများသာဖြစ်ပြီး လက်ရှိအချိန်အထိ ကျန်းမာစွာ ရှိနေကြောင်း ၎င်း၏တူမဖြစ်သူက အတည်ပြုပြောကြားခဲ့သည်။တူမဖြစ်သူက "အန်တီ မဆုံးပါဘူးရှင်၊ ကျန်းမာပါတယ်လို့ ပြောပါတယ်" ဟု ဆိုသည်။ဒေါ်ခင်သန်းနုသည် ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် မွေးဖွားခဲ့ပြီး မကြာမီ အသက် ၈၀ ပြည့်တော့မည်ဖြစ်သည်။ လက်ရှိတွင် အနည်းငယ် ရင်ကြပ်နေသော်လည်း လာမည့် ၈၀ ပြည့်မွေးနေ့အတွက် ဒီဇိုင်နာနှင့် စီစဉ်နေကြောင်း သိရသည်။ ၎င်းသည် ယခင်နှစ် အကယ်ဒမီပေးပွဲတွင် ခေတ်ပြိုင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေနှင့်အတူ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆု ကို ရရှိခဲ့သူဖြစ်သည်။
ဂန္ထဝင်အနုပညာရှင် အကယ်ဒမီ ခင်သန်းနု ကွယ်လွန်သည်ဆိုသော သတင်းမှာ မှားယွင်း
Nov 22 • 1:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


