back

မြန်မာ့စိုက်ပျိုးရေးနှင့် လက်မှုပညာများအတွက် တရုတ်ဈေးကွက်တွင် ကြီးမားသည့် စီးပွားရေးအခွင့်အလမ်းများရှိနိုင်

Nov 22 • 1:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့စိုက်ပျိုးရေးနှင့် လက်မှုပညာများအတွက် တရုတ်ဈေးကွက်တွင် ကြီးမားသည့် စီးပွားရေးအခွင့်အလမ်းများရှိနိုင်

နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး ဒေါက်တာ ကျန့်ကျစ်ဟုန် က မြန်မာနိုင်ငံ၏ ...

နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး ဒေါက်တာ ကျန့်ကျစ်ဟုန် က မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်များနှင့် ထူးခြားသော လက်မှုပညာများ သည် တရုတ်နိုင်ငံ၏ ကြီးမားသောဈေးကွက်တွင် စီးပွားရေးအခွင့်အလမ်းများစွာကို ဖော်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အထူးသဖြင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ဒီဂျစ်တယ်စီးပွားရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်မှု စသည့်နယ်ပယ်များရှိ နည်းပညာနှင့် အရင်းအနှီးများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များနှင့် ကိုက်ညီနိုင်သည်ဟု ဆိုသည်။ မြန်မာ့ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာကလည်း တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဦးတည်ချက်များနှင့် တူညီနေခြင်းကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကောင်းများရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

news-view-count-icon

35