back

တောင်ကိုရီးယားအရှေ့မြောက်ပိုင်း Gangwon ပြည်နယ်တွင် တောမီးလောင်မှု ဖြစ်ပွါး

Nov 21 • 4:40 PM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားအရှေ့မြောက်ပိုင်း Gangwon ပြည်နယ်တွင် တောမီးလောင်မှု ဖြစ်ပွါး

တောင်ကိုရီးယားအရှေ့မြောက်ပိုင်း Gangwon ပြည်နယ်တွင် တောမီးကို ထိန်းချုပ်နိုင်စေရန် ရဟတ်ယာဉ် ၂၉ စင်းနှင့် ဝန်ထမ်းရာပေါင်းများစွာကို အာဏာပိုင်များက ဖြန့်ကျက်ချထား...

တောင်ကိုရီးယားအရှေ့မြောက်ပိုင်း Gangwon ပြည်နယ်တွင် တောမီးကို ထိန်းချုပ်နိုင်စေရန် ရဟတ်ယာဉ် ၂၉ စင်းနှင့် ဝန်ထမ်းရာပေါင်းများစွာကို အာဏာပိုင်များက ဖြန့်ကျက်ချထားပြီး မီးလောင်ကျွမ်းမှု ၇၀ ရာခိုင်နှုန်းနီးပါး ထိန်းချုပ်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများက နိုတင်ဘာလ ၂၁ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။ တောမီးသည် ဆိုးလ်မြို့အရှေ့ဘက် ၁၃၂ ကီလိုမီတာအကွာ Inje ရှိ တောင်ကုန်းတစ်ခုပေါ်တွင် ကြာသပတေးနေ့မွန်းလွဲပိုင်းက စတင်ဖြစ်ပွားခဲ့သည်။ မီးငြှိမ်းသတ်ရန် ဝန်ထမ်း ၃၃၈ ဦးနှင့် စက်ကိရိယာ ၆၉ စုံတို့ကို ညတွင်းချင်း စုစည်းထားသော်လည်း တောင်ပေါ်၏ ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်ကြောင့် မီးငြှိမ်းသတ်ရာတွင် အဟန့်အတား ဖြစ်နေကြောင်း သစ်တောအရာရှိများက ပြောသည်။ အသေအပျောက်စာရင်းမရှိသေးသော်လည်း အနီးနားရှိ အိမ်ထောင်စုများမှ နေထိုင်သူ ၁၂ ဦးကို ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။




news-view-count-icon

3