back

ဘန်ကောက်မှာ နိုင်ငံခြားသားတစ်ယောက်ရဲ့ ကိုယ်ထဲက လောက်ကောင်ကို ဖယ်ရှားမှုဖြစ်ပွား

Nov 21 • 11:45 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်မှာ နိုင်ငံခြားသားတစ်ယောက်ရဲ့ ကိုယ်ထဲက လောက်ကောင်ကို ဖယ်ရှားမှုဖြစ်ပွား

ဘန်ကောက်က နိုင်ငံခြားသားတစ်ဦးရဲ့ အရေးပြားအောက်ကနေ ပိုးလောင်း လောက်ကောင်တစ်ကောင်ကို ဆေးရုံတစ်ရုံက ဖယ်ရှားပေးပြီးတဲ့နောက် ထိုင်းတွေကြား လူတိုင်းမှာ အခုလို ကောင်တွ...

ဘန်ကောက်က နိုင်ငံခြားသားတစ်ဦးရဲ့ အရေးပြားအောက်ကနေ ပိုးလောင်း လောက်ကောင်တစ်ကောင်ကို ဆေးရုံတစ်ရုံက ဖယ်ရှားပေးပြီးတဲ့နောက် ထိုင်းတွေကြား လူတိုင်းမှာ အခုလို ကောင်တွေရှိနေပြီလားလို့ စိုးရိမ်မှုမြင့်တက်နေပါတ​ယ်။ အခု ကိစ္စကို “What is this animal” လို့ခေါ်တဲ့ ထိုင်းတိရစ္ဆာန် ဖေ့ဘွတ်ဂရုကနေ သတင်းထွက်လာခဲ့တာဖြစ်ပြီး ဆေးရုံဝန်ထမ်းတစ်ဦးက ပုံအတိုင်း ဘာကောင်လဲဆိုပြီး မျိုးစိတ်မေးရင်း စိုးရိမ်မှုတွေမြင့်တက်သွားတာပါ။

လူနာက ဘရာဇီးကနေ ပြန်လာတဲ့နိုင်ငံခြားသားဖြစ်ပြီး သူ့ကိုယ်ထဲမှာ Myiasis ဆိုတဲ့ အခြေအနေဖြစ်ပြီး ကိုယ်ထဲလောက်ကောင်ဝင်နေတာပါ။ အခုလို အခြေအနေက အာဖရိက၊ တောင်အမေရိကလို နေရာကို သွားလည်တဲ့သူတွေမှာ တွေ့ရတတ်တယ်လို့ဆိုပါတယ်။ အခုလို အကောင်မျိုးတွေကို တွေ့ကြုံခဲ့ရတဲ့ ထိုင်းတစ်ဦးကလည်း ကွန်းမန့်မှာ ဝေမျှခဲ့ပြီး သူဟာ လွန်ခဲ့တဲ့ ၂ နှစ်က အာဖရိက တန်ဇန်နီးယားရောက်တုန်း အခုလိုပဲ ကူးစက်ခဲ့ရကြောင်း၊ သူလည်း အချိန်တော်တော်ကြာကြာမှသိခဲ့ပြီး အနာပေါက်မှာ လောက်ကောင်လှုပ်ရှားမှ သိတဲ့အတွက် ဆရာဝန်သွားပြတဲ့အခါ ခွဲစိတ်ပေးပြီး ထုတ်ပေးခဲ့ပါသတဲ့။ ချူလာလောင်ကွန်း တက္ကသိုလ်က ပညာရှင်တွေကလည်း အခုလို လောက်တွေက ကူးစက်စရာမရှိတဲ့အကြောင်း၊ စိုးရိမ်စရာမလိုဘူးလို့ ထုတ်ပြန်ထားပါတယ်။



news-view-count-icon

12