မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံချစ်ကြည်ရေး အလုပ်သဘောခရီးစဉ်မှ ပြန်လည်ရောက်ရှိလာရာ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Bounphieng Chanthavong နှင့် အဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့သည်။ကိုယ်စားလှယ်အဖွဲ့က ခရီးစဉ်အတွင်း လာအိုနိုင်ငံ၏ တိုးတက်မှုကို မြင်တွေ့ရ၍ ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ခရီးစဉ်အတွင်း မြန်မာ့ကုန်သွယ်မှုအတွက် လမ်းကြောင်းကိစ္စများ၊ နှစ်နိုင်ငံလူငယ် လေ့လာရေးအစီအစဉ်များ နှင့် ရွှေ့ပြောင်းလုပ်သားကိစ္စများ ကို ဆွေးနွေးခဲ့ကြသည်။လာအိုနိုင်ငံဘက်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပမည့် နှစ် (၅၀) ပြည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနေ့ နှင့် နှစ် (၇၀) ပြည့် လာအို-မြန်မာ သံတမန်ဆက်ဆံရေး အခမ်းအနား သို့ မြန်မာနိုင်ငံအား တက်ရောက်ရန် ရင်းနှီးစွာ ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Nov 21 • 7:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 43 | 0 | 0 | 0 |


