ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ (FIFA) သည် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဝင်ခွင့်ရရှိထားသည့် အသင်း ၄၂ သင်း၏ ပုံကို ဖော်ပြရာတွင် ပေါ်တူဂီအသင်းအတွက် ခရစ္စတီယာနို ရိုနယ်ဒို အစား ဘရူနို ဖာနန်ဒက်စ် ကို ထည့်သွင်းခဲ့ခြင်းကြောင့် ရိုနယ်ဒိုပရိသတ်များ၏ ပြင်းထန်သော ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ အာဂျင်တီးနားအတွက် မက်ဆီ၊ ပြင်သစ်အတွက် ဘာပေ၊ အင်္ဂလန်အတွက် ဟယ်ရီကိန်းတို့ကို ထည့်သွင်းခဲ့သော်လည်း ရိုနယ်ဒိုကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဝေဖန်ခံရပြီးနောက် ဖီဖာသည် အဆိုပါပုံကို ၎င်းတို့၏ ဆိုရှယ်မီဒီယာပေါ်မှ ချက်ချင်း ဖယ်ရှားလိုက်သည်။ သို့သော် အချိန်မကြာမီတွင် ဖီဖာက ၂၀၂၂ ကမ္ဘာ့ဖလားမှ အမှတ်တရများ ဟူသော ပုံအသစ်တစ်ခုကို ပြန်လည်တင်ခဲ့ပြီး၊ ထိုပုံတွင် ကမ္ဘာ့ဖလားကိုင်မြှောက်ထားသည့် မက်ဆီ၊ ပေါ်တူဂီအသင်းအား အနိုင်ဂိုးသွင်းယူနေသည့် မော်ရိုကိုကစားသမား အယ်လ်နက်ဆာရီတို့၏ ပုံများနှင့်အတူ ရိုနယ်ဒို၏ပုံကိုပါ ထည့်သွင်းဖော်ပြသွားခဲ့သည်။
၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်ပုံတွင် ရိုနယ်ဒိုကို မထည့်သွင်း၍ ဖီဖာ ဝေဖန်ခံရပြီးနောက် ပုံပြန်ဖြုတ်ကာ အခြားပုံဖြင့် အစားထိုး
Nov 21 • 1:17 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


