နိုင်ငံတော်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာရန်အတွက် ရည်ရွယ်ကာ နိုင်ငံတော်အကြီးအကဲအနေဖြင့် အခြေခံပညာကျောင်းနှင့် တက္ကသိုလ်များအပါအဝင် ပြည်နယ်အားကစားကွင်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် က ပြောသည်။ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၅/၂၀၂၅)ကို ယမန်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အားကစားကွင်းများတွင် မိုးလုံ၊လေလုံအားကစားရုံများ၊ Synthetic Rubber ပြေးလမ်းပါသည့် အားကစားကွင်း၊ ဘောလုံးကွင်းများအဖြစ် အဆင့်မြှင့်နေသည်ဟု ပြောကြားသည်။



