ပြည်တွင်း၌ပါဝါ အိတ်ဇောတပ်ဆင်ထားတဲ့ အိမ်စီးကား၊ ပြိုင်ကား၊မော်တော်ဆိုင်ကယ်တွေ ဒီဇင်ဘာကစတင်ပြီး ပြင်းထန်စွာအရေးယူအပြစ်ပေးသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ က အသိပေးပြောကြားလိုက်ပါတယ်။၂ဝ၂၅ ခုနှစ်၊ ဇွန် ကနေ နိုဝင် ဘာလလယ်အထိဖမ်းဆီး၊ ဒဏ်ရိုက်၊ လိုင်စင် ပိတ်သိမ်းပညာပေးခဲ့ပြီးဖြစ်လို့ ၊ဒီဇင်ဘာကစတင်ပြီး ဥပဒေအတိုင်း ပြင်းထန်စွာအရေးယူအပြစ်ပေးသွားမယ်လို့ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသွားလာတဲ့ လမ်းများပေါ်မှာ ပါဝါ အိတ်ဇောတပ်ဆင်ထားတဲ့ အိမ်စီးကား၊ ပြိုင်ကားနဲ့ မော်တော်ဆိုင်ကယ် တွေ မောင်းနှင်သွားလာနေကြောင်း စစ်ဆေးတွေရှိရင် တည်ဆဲဥပဒေအရ ကျူးလွန်သူကို တစ်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုတဲ့ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ၊ ချမှတ်မှာဖြစ်ပါတယ်။နောက်တစ်ကြိမ်ထပ်မံကျူးလွန်တယ်ဆိုရင် အဲဒိသူကို သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်လို့ " ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ က ပြောပါတယ်။လက်ရှိမှာယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး ပူးပေါင်းအဖွဲ့ တွေ က ၂ဝ၂၅ ခုနှစ်၊ ဇွန် ကနေ နိုဝင် ဘာလလယ်အထိ ပါဝါအိပ်ဇောတပ်ဆင်ထားတဲ့ ပြိုင်ကား(၇)စီး၊ လူစီးယာဉ် (၇၁)စီး၊မော်တော်ဆိုင်ကယ် (၂)စီး၊ စုစုပေါင်း(၈ဝ)စီးကို ဖမ်းဆီး၊ ဒဏ်ရိုက်၊ လိုင်စင် ပိတ်သိမ်းပညာပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာကစပြီး ဖမ်းဆီးရမိတဲ့ ပါဝါအိတ်ဇောတပ်မော်တော်ယာဉ် တွေကို ဥပဒေအတိုင်း ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ပြီးပြင်းထန်စွာအရေးယူအပြစ်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီအပြင်ပါဝါအိတ်ဇောရောင်းချတဲ့ ဆိုင် တွေ ၊ ပါဝါအိတ်ဇောတပ်ဆင်ပေးတဲ့ ဝပ်ရှော့ တွေကို သက်ဆိုင်ရာဌာနတွေ ရဲ့ ဥပဒေအရပြင်းထန်စွာ အရေးယူခံရမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ရဲ့ ပြောကြားချက်တွေအရသိရှိရပါတယ်။



