back

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဝိုင်စီဒီစီတွင် ကျင်းပမည်

Nov 20 • 2:52 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဝိုင်စီဒီစီတွင် ကျင်းပမည်

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ(MCEF Chairman’s Cup Golf Tournament 2025)ကို နိုဝင်ဘာ၂၂ ရက်နှင့်...

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ(MCEF Chairman’s Cup Golf Tournament 2025)ကို နိုဝင်ဘာ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရန်ကုန်မြို့ရှိ YCDC Golf Club ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲ ၂၀၂၅ ကို ပါဝင်ယှဉ်ပြိုင်လိုသည့် MCEF အသင်းဝင် အသစ်အဟောင်းများနှင့် ပြိုင်ပွဲကို ကူညီပံ့ပိုးလိုသည့် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ၊ ကုန်ပစ္စည်းထုတ်လုပ်တင်သွင်း ရောင်းချသူများအားဖိတ်ခေါ်ကြောင်း ဖော်ပြထားသည်။ဆုရရှိသူများကို နိုဝင်ဘာ ၂၃ရက်တွင် ကျင်းပမည့် MCEF Member Day တွင် ညစာစားပွဲ အခမ်းအနားဖြင့် ထိုက်တန်စွာ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

36