back

ထိုင်းမှာ ဘေထုပ်-တစ်ပတ်ရစ် အနွေးထည် ဝယ်လိုအားမြင့်တက်နေ

Nov 20 • 2:08 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ ဘေထုပ်-တစ်ပတ်ရစ် အနွေးထည် ဝယ်လိုအားမြင့်တက်နေ

ထိုင်းနိုင်ငံ ဘူရီရမ်ဒေသရဲ့ ဈေးတွေ၊ ညဈေးတွေမှာ ဈေးသက်သာတဲ့ ဘေထုပ်အနွေးထည်တွေ ဝယ်လိုအားမြင့်တက်နေပါတယ်။ အပူချိန် ၂၂ ဒီဂရီသာရှိချိန် ကျောင်းသားတွေ၊ ဝင်ငွေနည်းတဲ့ ...

ထိုင်းနိုင်ငံ ဘူရီရမ်ဒေသရဲ့ ဈေးတွေ၊ ညဈေးတွေမှာ ဈေးသက်သာတဲ့ ဘေထုပ်အနွေးထည်တွေ ဝယ်လိုအားမြင့်တက်နေပါတယ်။ အပူချိန် ၂၂ ဒီဂရီသာရှိချိန် ကျောင်းသားတွေ၊ ဝင်ငွေနည်းတဲ့ အလုပ်သမားတွေက ဈေးတွေကို အပြေးလေးဆင်းပြီး ဈေးသက်သာတဲ့ အနွေးထည်တွေကို ရှာနေကြတာပါ။ အခုလို အခြေအနေက ဒေသတွင်း ဈေးဆိုင်တွေမှာ အထည်အသစ်တွေ ဈေးကြီးလာလို့ လူတွေ မဝယ်နိုင်ဖြစ်နေတာကို ဖော်ပြနေပါတယ်။ အခုလို ဘေထုပ်တွေက ရွေးရင် ရွေးတတ်သလို ဘတ် ၂၀ ကနေ စရတတ်ပြီး ဘတ် ၂၅၀ အထိဈေးရှိနိုင်ပါတယ်။ထိုအထည်တွေက ပိုးသတ်ပြီးသားလို့လည်း သူတို့က ပြောပါတယ်။

news-view-count-icon

22