နိုဝင်ဘာလ ၁၉ ရက်မှစ၍ ထားဝယ်မြို့ ကမ်းနားလမ်းဘေးဝဲယာတွင် နံနက်ပိုင်း ဈေးရောင်းချသူများ ရောင်းချခြင်းမပြုရန် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် ယနေ့ နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းကစ၍ ပျံကျဈေးသည်များမှာ ဆိပ်ကမ်းသာမင်္ဂလာခန်းမ၏ အနောက်ဘက်တွင် ရှိသော မေတ္တာကမ္ဘာအေးပျံကျဈေးသစ်နေရာသို့ ပြောင်းရွှေ့ရကြောင်း မြို့ခံများက ပြောသည်။ ကမ်းနားဈေးတွင် ရေထွက်ကုန်၊ စားဖိုဆောင်သုံးကုန် ရောင်းချသည့် စျေးသည်များသာ ကျန်ရှိပြီး ကုန်စိမ်းနှင့် ဒေသထွက်ကုန်ရောင်းချသည့် စျေးသည်အများစုမှာ ဈေးသစ်နေရာသို့ ရောက်ရှိသွားသဖြင့် နယ်လှည့် ဈေးသည်များ ဈေးဝယ်ရာတွင် အချိန်ကုန်ကာ အခက်အခဲဖြစ်ကြောင်း နယ်လှည့်ဈေးသည် အမျိုးသမီးတစ်ဦးက ဆိုသည်။



