ရက္ခိုင်-အိန္ဒိယနယ်စပ်တွင် ဝမ်းရောဂါဖြစ်ပွားနေမှုကြောင့် ကုန်လမ်းကြောင်းရပ်တန့်ထားမှု အချိန် ကြာမြင့်နိုင်ကြောင်း ပိတ်မိနေသည့် ကုန်သည်များမှတဆင့် သိရှိရသည်။ နယ်စပ်ဒေသမှ ဒေသခံများ ကျန်းမာရေးကောင်းမွန်မှု စိတ်ချရသည့် အခြေအနေတွင်သာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ပေးနိုင်ကြောင်း ကုန်ခရီးသွားနေသည့် ကျောက်တော်ဒေသခံ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။ထို့ကြောင့် ရက္ခိုင်-အိန္ဒိယနယ်စပ်လမ်းကြောင်းသည် ရက္ခိုင်သို့အဓိကကုန်ပစ္စည်းများ တင်သွင်းနေသည့် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်ကြောင်း ကုန်သည်များက ဆိုကြသည်။



