back

❝ ဘတ် သန်းချီတန်တဲ့ မြေကိစ္စ အရှုပ်တော်ပုံကြောင့် ထိုင်းက ဘုန်းကြီးဖမ်းခံရ❞

Nov 19 • 3:11 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

❝ ဘတ် သန်းချီတန်တဲ့ မြေကိစ္စ အရှုပ်တော်ပုံကြောင့် ထိုင်းက ဘုန်းကြီးဖမ်းခံရ❞

ထိုင်းနိုင်ငံ ဥဒရာထစ်ဒေသက Tassanai လို့ အမည်ရတဲ့ ဘုန်းကြီးကို Wa Go Lom ဘုရားကျောင်းအထိ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ ဒီလူဟာ Sukhothai ဒေသက မြေယာပိုင်ဆိုင်...

ထိုင်းနိုင်ငံ ဥဒရာထစ်ဒေသက Tassanai လို့ အမည်ရတဲ့ ဘုန်းကြီးကို Wa Go Lom ဘုရားကျောင်းအထိ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ ဒီလူဟာ Sukhothai ဒေသက မြေယာပိုင်ဆိုင်ခွင့်စာရွက်တွေကို အသုံးချပြီး ချေးငွေတွေကို လိမ်လည်ထုတ်နေတဲ့ ထိုင်းက လူ အယောက် ၄၀ ပါဝင်တဲ့ ဂိုဏ်းက တစ်ဦးအပါအဝင်လို့ သိရပြီး ဒီ အဖွဲ့ထဲမှာ မြေယာအစိုးရအဖွဲ့ဝင်တွေထဲကတောင်ပါတယ်လို့ဆိုပါတယ်။ဘုန်းကြီးကတော့ ဘဏ်အကောင့်ဖွင့်ပြီး လူလိမ်တွေအတွက် ကူညီပေးခဲ့တာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလက ဝရမ်းထုတ်ခံရပြီး အခု ဖမ်းဆီးခံလိုက်ရတာပါ။ ဒီ ငွေလိမ်ဂိုဏ်းကြောင့် ဆုံးရှုံးတဲ့ ငွေကြေးပမာဏ ဘတ် ၅ သန်းဝန်းကျင်ရှိပါသတဲ့။ လိမ်နည်းတွေက တစ်နေ့ တစ်နေ့ မရိုးနိုင်သောနော်။



news-view-count-icon

11