back

သံဖြူဇရပ်မြို့နယ်အတွင်း ဆေးလိပ်ကင်းစင်နယ်မြေ ၁၁၆ နေရာ သတ်မှတ်

Nov 19 • 3:05 PM

breaking-news

မြန်မာ

မွန်

cover

သံဖြူဇရပ်မြို့နယ်အတွင်း ဆေးလိပ်ကင်းစင်နယ်မြေ ၁၁၆ နေရာ သတ်မှတ်

၂၀၂၃ ခုနှစ်မှ စတင်ကာ ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည်များ လာရောက်မှုများသည့် ကျိုက္ခမီရေလယ်ဘုရား၊ ဓနသဟာရစစ်သင်္ချိုင်း၊ သေမင်းတမန်မီးရထားလမ်းပြတိုက်များကို ဆေးလိ...

၂၀၂၃ ခုနှစ်မှ စတင်ကာ ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည်များ လာရောက်မှုများသည့် ကျိုက္ခမီရေလယ်ဘုရား၊ ဓနသဟာရစစ်သင်္ချိုင်း၊ သေမင်းတမန်မီးရထားလမ်းပြတိုက်များကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ(Smoke Free Public Area)အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ထို့နောက် သံဖြူဇရပ်မြို့အတွင်းရှိ အစိုးရဌာနရုံးများ၊ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများ၊ စာသင်ကျောင်းများ၊ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ အားကစားကွင်းများအပါအဝင် ကျိုက္ခမီဘုရားပရဝုဏ်၊ အမှတ်တရပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်များစသည့်နေရာများကိုလည်း ဆေးလိပ် ကင်းစင်နေရာများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ဆေးလိပ်ငွေ့ကင်းစင်သော မူဝါဒများကို အများပြည်သူအသုံးပြုသော နေရာသစ်များပါဝင်ရန် ဆက်လက်တိုးချဲ့သွားမည်ဖြစ်‌ကြောင်း သိရသည်။




news-view-count-icon

37