back

တောင်ကြီးမြို့တွင် ကွမ်းယာဆိုင်ကို အမှိုက်ခွန် တစ်လငါးသောင်းကျပ်ကောက်ခံနေ၍ ဝေဖန်မှုမြင့်တက်

Nov 19 • 12:59 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့တွင် ကွမ်းယာဆိုင်ကို အမှိုက်ခွန် တစ်လငါးသောင်းကျပ်ကောက်ခံနေ၍ ဝေဖန်မှုမြင့်တက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင်ရှိ တောင်ကြီးအီကို အမှိုက်ကုမ္မဏီမှ ဆိုင်ခန်း၊ အိမ်ဌားနှင့် လုပ်ငန်းလုပ်ကိုင်သူများကို အနည်းဆုံး ၂သောင်းမှ တစ်သိန...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင်ရှိ တောင်ကြီးအီကို အမှိုက်ကုမ္မဏီမှ ဆိုင်ခန်း၊ အိမ်ဌားနှင့် လုပ်ငန်းလုပ်ကိုင်သူများကို အနည်းဆုံး ၂သောင်းမှ တစ်သိန်းအထိ အမှိုက်ခွန် ကောက်ခံနေ ကြောင်း ဒေသခံဆီများမှ သိရပါသည်။အဝတ်လျှော်လုပ်ငန်းနှင့် ကွမ်းယာဆိုင်ကို အမှိုက်ခွန် တစ်လလျှင်( ၅၀,၀၀၀)ကျပ် နှုန်းအဖြစ် သတ်မှတ်ထားပြီး အိမ်ဌားသူများအနေဖြင့်လည်း အိမ်ခန်း အရေအတွက်အလိုက် အခွန်နှုန်း များသတ်မှတ်ထား ကြောင်း သိရသည်။တောင်ကြီးမြို့ပေါ် (၂၂)ရပ်ကွက်အတွင်း ပုဂ္ဂလိကအမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်းကို ၂၀၂၅ ခုနှစ်အောက်တိုဘာ ၁ ရက်နေ့ကစပြီး တောင်ကြီးအီကိုကုမ္ပဏီလီမိတက်မှ စတင်တာဝန်ယူ ဆောင်ရွက်ကြောင်းသိရသည်။





news-view-count-icon

29