back

အင်တာနက်မသုံးစွဲဖူးသူ ကမ္ဘာ့ပြည်သူဦးရေ ၂ ဒသမ ၂ ဘီလီယံအထိရှိနေ

Nov 19 • 9:01 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်တာနက်မသုံးစွဲဖူးသူ ကမ္ဘာ့ပြည်သူဦးရေ ၂ ဒသမ ၂ ဘီလီယံအထိရှိနေ

ကမ္ဘာ့လူဦးရေစုစုပေါင်း၏ လေးပုံတစ်ပုံကျော်မှာ အင်တာနက်ကိုတစ်ကြိမ်တစ်ခါမျှ အသုံးပြုဖူးခြင်းမရှိကြောင်း ကုလသမဂ္ဂနိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းသမဂ္ဂ (အိုင်တီယူ)က နိုဝ...

ကမ္ဘာ့လူဦးရေစုစုပေါင်း၏ လေးပုံတစ်ပုံကျော်မှာ အင်တာနက်ကိုတစ်ကြိမ်တစ်ခါမျှ အသုံးပြုဖူးခြင်းမရှိကြောင်း ကုလသမဂ္ဂနိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းသမဂ္ဂ (အိုင်တီယူ)က နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသော အစီရင်ခံစာ၌ ဖော်ပြထားသည်။အိုင်တီယူ၏ အစီရင်ခံစာအရ ယခုနှစ်တွင် အင်တာနက်သုံးစွဲနိုင်သူကမ္ဘာ့ပြည်သူအရေအတွက်မှာ ခြောက်ဘီလီယံခန့်ရှိလာခဲ့ရာ ၂၀၂၄ ခုနှစ်ကထက် အင်တာနက်သုံးစွဲနိုင်သူအရေအတွက် သန်း ၂၀၀ ပိုလာကြောင်း သိရသည်။နှိုင်းယှဉ်ကြည့်ပါက ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းအင်တာနက်သုံးစွဲနိုင်သူအရေအတွက်မှာ ၅ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့သည်။ကမ္ဘာ့ပြည်သူစုစုပေါင်း၏ လေးပုံတစ်ပုံကျော် တစ်နည်းအားဖြင့် ကမ္ဘာ့ပြည်သူ ၂ ဒသမ ၂ ဘီလီယံမှာ ယနေ့အထိ အင်တာနက် သုံးစွဲနိုင်ခြင်းမရှိသေးကြောင်း အိုင်တီယူ၏အစီရင်ခံစာ၌ ဖော်ပြထားသည်။ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၉၆ ရာခိုင်နှုန်းကို တတိယမျိုးဆက်မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ဖြင့် လွှမ်းခြုံ ထားနိုင်ပြီဖြစ်သော်လည်း အင်တာနက်မသုံးစွဲဖူးသူ ကမ္ဘာ့ပြည်သူအရေအတွက်မှာ ၂ ဒသမ ၂ ဘီလီယံထိ ရှိနေသည်ကို အံ့ဩတုန်လှုပ်ဖွယ်တွေ့နေရကြောင်း အိုင်တီယူကျွမ်းကျင်သူများက သုံးသပ်ထားသည်။



news-view-count-icon

31