ဈေးကွက်ချဲ့ထွင်မည့် (၂၆) နိုင်ငံတွင် အိန္ဒိယ၏ ပြိုင်ဘက် ပါကစ္စတန်ထံမှ ဆန်အမြောက်အမြား တင်သွင်းသော ဆော်ဒီအာရေဗျ၊ ဗီယက်နမ်၊ အီရတ်၊ အမေရိကန်၊ မလေးရှား၊ တရုတ်အပြင်အိန္ဒိယနိုင်ငံသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ယူကေနှင့် မက္ကဆီကို အပါအဝင် ကမ္ဘာ့ဈေးကွက် (၂၆) ခုသို့ ဆန် တိုးမြှင့် တင်ပို့ရန် ရည်ရွယ်ထားကြောင်း အိန္ဒိယ၊ လယ်ယာနှင့် စားသောက်ကုန်တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ ( Agricultural and Processed Food Products Export Development Authority -APEDA ) ဥက္ကဌ Abhishek Dev က ပြောကြားခဲ့သည်။Dev က အိန္ဒိယ ဆန်တင်ပို့မှုသည် စက်တင်ဘာလ၌ (၃၃.၁၈) ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ (၉၂၅) မီလီယံနှင့် ဧပြီလမှ စက်တင်ဘာလအတွင်း (၁၀) ရာခိုင်နှုန်း တိုးတက်ခဲ့ကာ တန်ဖိုး အမေရိကန်ဒေါ်လာ (၅.၆၃) ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။
ဈေးကွက်ချဲ့ထွင်မည့် (၂၆) နိုင်ငံတွင် အိန္ဒိယ၏ ပြိုင်ဘက် ပါကစ္စတန်ထံမှ ဆန်အမြောက်အမြား တင်သွင်းသော ဆော်ဒီအာရေဗျ၊ ဗီယက်နမ်၊ အီရတ်၊ အမေရိကန်၊ မလေးရှား၊ တရုတ်၊ ပြင်သစ်၊ ယူအေအီး၊ ဘရာဇီး၊ တောင်အာဖရိက၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ ဂျာမနီနှင့် ကင်ညာနိုင်ငံတို့လည်း ပါဝင်သည်။နယူးဒေလီ၌ အောက်တိုဘာလ (၃၀) နှင့် (၃၁) ရက်နေ့များတွင် ကျင်းပမည့် ဘာရတ်နိုင်ငံတကာ ဆန်ညီလာခံ ၂၀၂၅ ( Bharat International Rice Conference- BIRC 2025 ) သည် ကမ္ဘာ့ဆန်ကုန်သွယ်မှုတွင် ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကို မြှင့်တင်နိုင်ရန်…စိုက်ပျိုးထုတ်လုပ်သူများ၊တင်ပို့သူများ၊
တင်သွင်းသူများ၊မူဝါဒချမှတ်သူများ၊ ငွေကြေးအကူအညီပေးသူများ၊ ကုန်စည်ပို့ဆောင်ရေးနှင့် ဆိုင်သော ပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့်
ဆက်စပ် ဝန်ဆောင်မှုပေးသူများကို စုစည်း တွေ့ဆုံစေမည် ဖြစ်ကြောင်း Dev က ပြောသည်။ အိန္ဒိယသည် နိုင်ငံပေါင်း (၁၇၂) နိုင်ငံကျော်ကို ဆန်တင်ပို့ရောင်းချနေသဖြင့် ကမ္ဘာ့ဆန်ထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံတစ်ခု ဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခ္ခ္ခာ ထောက်ပံ့ရေးကွင်းဆက်တွင် မည်သည့်နေရာ၌ ရပ်တည်ရမည်ကို ယခုညီလာခံက ရှာဖွေနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။အဆိုပါဆန်ညီလာခံသို့ လယ်သမားနှင့် လယ်သမားအသင်းအဖွဲ့များ ၃,၀၀၀ ကျော်၊ နိုင်ငံ ၈၀ ကျော်မှ ဝယ်လက် ၁,၀၀၀ ကျော်နှင့် တင်ပို့သူများ၊ ဆန်စက်ပိုင်ရှင်များနှင့် ဆက်စပ်လုပ်ငန်းရှင်များ ၂,၅၀၀ ခန့် တက်ရောက်ခဲ့သည်။ အိန္ဒိယ၊ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုညီလာခံမှ တန်ဖိုး ရူပီး ၁.၈၀ ကုဋေခန့်ရှိ ဆန်ဈေးကွက်သစ်များနှင့် တန်ဖိုး ရူပီး ၂၅,၀၀၀ ကုဋေရှိ ဆန်တင်ပို့မှု နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။



