back

ဗီယက်နမ်တွင် မြေပြိုမှုကြောင့် လူ ၇ ဦးသေဆုံးပြီးအများအပြား ပျောက်ဆုံးနေ

Nov 19 • 7:08 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်တွင် မြေပြိုမှုကြောင့် လူ ၇ ဦးသေဆုံးပြီးအများအပြား ပျောက်ဆုံးနေ

ဗီယက်နမ်နိုင်ငံတွင် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး အခြားအများအပြား ပျောက်ဆုံးနေသဖြင့် အင်္ဂါနေ့တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်...

ဗီယက်နမ်နိုင်ငံတွင် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး အခြားအများအပြား ပျောက်ဆုံးနေသဖြင့် အင်္ဂါနေ့တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်ဟု Anadolu Agency သတင်းကဖော်ပြခဲ့သည်။တနင်္ဂနွေနေ့က အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုများကြောင့် ဗီယက်နမ်နိုင်ငံ တစ်ဝန်း စုစုပေါင်း လူ ၁၄ ဦးသေဆုံး သို့မဟုတ် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရေကာတာ စီမံခန့်ခွဲရေးနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ဦးစီးဌာနက ပြောခဲ့သည်ဟု ဗီယက်နမ်သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။၁၉.၁၁.၂၅ရက်ယခုအချိန်အထိ ခန်ဟွာ (Khanh Hoa) ပြည်နယ်တွင် လူ ၇ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပြီး သေဆုံးသူ ၆ ဦးမှာ တနင်္ဂနွေနေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြေပြိုမှုတစ်ခုကြောင့် နစ်မြုပ်သွားရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ယာဉ်မောင်းနှစ်ဦးနှင့် လက်ထောက်တစ်ဦးအပါအဝင် လူ ၃၂ ဦးတင်ဆောင်လာသော ဘတ်စ်ကားသည် ခန်လီလမ်း၏ မြေပြိုမှုဖြစ်ပွားလေ့ရှိသောအပိုင်းကို ဖြတ်သန်းနေစဉ် မြေပြိုမှုအောက်ကျရောက်ခဲ့ခြင်း ဖြစ်သည်။ပြင်းထန်သောရာသီဥတုကြောင့် အိမ်ခြံမြေနှင့် စိုက်ပျိုးရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး အိုးအိမ်ခြေ ၁၅,၀၀၀ နီးပါး ရေလွှမ်းမိုးခံရကာ လူပေါင်း ၅,၉၀၀ ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။




news-view-count-icon

13