back

ကမ္ဘာ့ဖလားလက်မှတ်ဝယ်ထားသူများ ဗီဇာကိစ္စမြန်မည်ဟု အမေရိကန်သမ္မတထရမ့်ပ်မှဆိုလာ

Nov 19 • 4:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့ဖလားလက်မှတ်ဝယ်ထားသူများ ဗီဇာကိစ္စမြန်မည်ဟု အမေရိကန်သမ္မတထရမ့်ပ်မှဆိုလာ

၂၀၂၆ ကမ္ဘာဖလားလက်မှတ်ရှိသူများအတွက် အထူးအမြန်ဗီဇာများပေးမည့်အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ကြေညာခဲ့သော်ငြားလည်း သူ့အစိုးရအဖွဲ့ကမူ ထိုသို့ဗီဇာလ...

၂၀၂၆ ကမ္ဘာဖလားလက်မှတ်ရှိသူများအတွက် အထူးအမြန်ဗီဇာများပေးမည့်အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ကြေညာခဲ့သော်ငြားလည်း သူ့အစိုးရအဖွဲ့ကမူ ထိုသို့ဗီဇာလုပ်ငန်းစဉ်ကို အမြန်လုပ်ပေးခြင်းသည် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်ခွင့်ရမည်ဟူ‌သော အာမခံချက်မဟုတ်ဟု သတိပေးခဲ့သည်။ထရမ့်ပ်၏ နယ်စပ်တင်းကြပ်မှု အစီအမံများကြောင့် ဘောလုံးပရိသတ်များကိုပါ ထိခိုက်လာနိုင်သည့် စိုးရိမ်မှုများရှိနေသော်လည်း လာမည့်နှစ်ကမ္ဘာ့ဖလားပွဲအတွက် အဆင်မြေချောမွေ့စေရမည်ဟု အမေရိက က ကတိပြုထားသည်။ကမ္ဘာ့ဖလားမှာ ငါတို့နဲ့ အတူဆင်နွှဲကြဖို့ ရည်ရွယ်ထားသူတွေအနေနဲ့ ချက်ချင်းပဲ လျှောက်ထားကြဖို့ အထူးတလည်တိုက်တွန်းပါတယ်” ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုနှင့်အတူ အိမ်ဖြူတော်တွင် အစီအစဉ်ကို ကြေညာစဉ် ထရမ့်ပ်က ပြောကြားခဲ့သည်။


news-view-count-icon

27