back

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ပြီးဆုံးခဲ့ပြီး play-offs အဆင့်ကို လာမယ့် မတ်လမှာ ကစားမယ်

Nov 19 • 3:10 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ပြီးဆုံးခဲ့ပြီး play-offs အဆင့်ကို လာမယ့် မတ်လမှာ ကစားမယ်

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပွဲစဉ်များ ပြီးဆုံးခဲ့ပြီး တိုက်ရိုက်ခြေစစ်ပွဲအောင် ၁၂ သင်းစလုံး အမည်စာရင်း ထွက်ပေါ်ခဲ့ပါတယ်။နိုဝင်ဘာလ ၁၈ ရက် ပွဲတွေအပြီးမှာ ...

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပွဲစဉ်များ ပြီးဆုံးခဲ့ပြီး တိုက်ရိုက်ခြေစစ်ပွဲအောင် ၁၂ သင်းစလုံး အမည်စာရင်း ထွက်ပေါ်ခဲ့ပါတယ်။နိုဝင်ဘာလ ၁၈ ရက် ပွဲတွေအပြီးမှာ စပိန်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ သြစတြီးယားနဲ့ စကော့တလန်အသင်းတွေ ခြေစစ်ပွဲ ထပ်အောင်ခဲ့ပါတယ်။ဥရောပဇုန်မှာ အီတလီ၊ ဒိန်းမတ်တို အုပ်စုဒုတိယသာ ရခဲ့တာကလွဲလို ကျန်အုပ်စုတွေမှာ ကမောက်ကမ သိပ်မရှိခဲ့ပါဘူး။play-offs ခြေစစ်ပွဲတွေကိုတော့ လာာမယ့် မတ်လအတွင်း ကစားသွားမှာဖြစ်ပါတယ်။play-offs အဆင့်အတွက် Pot 1 မှာ အီတလီ၊ ဒိန်းမတ်၊ တူရကီနဲ့ ယူကရိန်း၊ Pot 2 မှာ ပိုလန်၊ ဝေးလ်စ်၊ ချက်နဲ့ ဆလိုဗက်ကီးယား၊ Pot 3 မှာ အိုင်ယာလန်၊ အယ်လ်ဘေးနီးယား၊ ဘော့စနီးယားနဲ့ ကိုဆိုဗို၊ Pot 4 မှာ ရိုမေးနီးယား၊ ဆွီဒင်၊ မြောက်မက်ဆီဒိုးနီးယားနဲ့ မြောက်အိုင်ယာလန်တို ကျရောက်နေပါတယ်။play-offs အဆင့်အတွက် ပွဲစဉ်ရေးဆွဲပွဲကိုတော့ လာမယ့် နိုဝင်ဘာလ ၂၀ ရက်မှာ ပြုလုပ်ပါလိမ့်မယ်။


news-view-count-icon

33