back

တရုတ်နဲ့ ဂျပန် သံတမန်ရေးတင်းမာမှု ပေကျင်းမှာ ဆွေးနွေးခဲ့ပေမယ့် မပြေလည်ခဲ့

Nov 19 • 2:53 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

တရုတ်နဲ့ ဂျပန် သံတမန်ရေးတင်းမာမှု ပေကျင်းမှာ ဆွေးနွေးခဲ့ပေမယ့် မပြေလည်ခဲ့

တရုတ်နဲ့ ဂျပန်တို့အကြား ထိုင်ဝမ်အရေးကြောင့် သံတမန်ရေးရာ တင်းမာမှုတွေလျှော့ချဖို့ ပေကျင်းမှာ ဆွေးနွေးခဲ့ပေမယ့်လည်း ပြေလည်ခြင်းမရှိသေးဘဲ တင်မာမှုတွေ ဆက်လက်ဖြစ်ပေါ...

တရုတ်နဲ့ ဂျပန်တို့အကြား ထိုင်ဝမ်အရေးကြောင့် သံတမန်ရေးရာ တင်းမာမှုတွေလျှော့ချဖို့ ပေကျင်းမှာ ဆွေးနွေးခဲ့ပေမယ့်လည်း ပြေလည်ခြင်းမရှိသေးဘဲ တင်မာမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ယခုလအစောပိုင်းက ဂျပန်ဝန်ကြီးချုပ် တာကာအိချိဟာ ထိုင်ဝမ်ကို တရုတ်ကစစ်ရေးအရ တိုက်ခိုက်မယ်ဆိုရင် ဂျပန်ရဲ့ ရပ်တည်ရှင်သန်ရေးကို ထိခိုက်စေတာကြောင့် စစ်ရေးအရ ဝင်စွက်ဖို့နည်းလမ်းကို ဦးတည်သွာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။ဒီကိစ္စကြောင့် သံတမန်ရေးရာ တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ သမုဒ္ဒရာရေးရာဗျူရို အကြီးအကဲ ကာနိုင်း မာဆာအာကီဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလားတူတာဝန်ယူထားတဲ့ လျူဂျင်ဆောင်နဲ့ နိုဝင်ဘာ18ရကါအင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေ ဂျပန်သို့ ခရီးသွားခြင်းမှ ရှောင်ကြဉ်ဖို့ အကြံပြုထားတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ပယ်ချခဲ့ပြီး ဂျပန်နိုင်ငံရဲ့ လုံခြုံရေးမှာ ပိုမိုဆိုးရွားလာတာမရှိဘူးလို့ ဆွေးနွေးပွဲများအတွင်း ကာနိုင်းမာဆာအာကီက ပြောပါတယ်။ဝန်ကြီးချုပ် တာကာအိချိ၏ မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အိုဆာကာရှိ တရုတ်ကောင်စစ်ဝန်ချုပ် ရွှီးကျန်းက ဝန်ကြီးချုပ်ရဲ့ ညစ်ပတ်တဲ့ခေါင်းကို ဖြတ်ပစ်မယ်ဆိုပြီး ရေးသားထားတဲ့ လူမှုမီဒီယာပို့စ်တခုကိုလည်း ကာနိုင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာတော့ မီဒီယာတွေနဲ့ တွေ့ဆုံပြောဆိုလေ့မရှိတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ သမုဒ္ဒရာရေးရာဗျူရို အကြီးအကဲ လျူဂျင်ဆောင်က အစည်းအဝေးရလဒ်က လုံးဝကျေနပ်စရာမရှိဘူးလို့ ပြောပါတယ်။ဂျပန်ပညာရေးဝန်ကြီးဌာနကတော့ တရုတ်နိုင်ငံရှိ ဂျပန်ကျောင်းတွေ သို့မဟုတ် အခြားကျောင်းတွေမှာ တက်ရောက်နေတဲ့ သူ့နိုင်ငံသားတွေကို ဘေးကင်းရေးအစီအမံတွေ ထားရှိဖို့ သတိပေးထားပါတယ်။ ဒေသခံဓလေ့ထုံးတမ်းတွေကို လေးစားဖို့၊ ဒေသခံတွေနဲ့ ဆက်ဆံရာမှာ အပြုအမူတွေကို သတိထားဖို့ တိုက်တွန်းထားပါတယ်။



news-view-count-icon

20