၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော တရုတ်-လာအိုရထားလမ်း သည် ယခင်က ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ခဲ့သော လာအိုနိုင်ငံကို "ကုန်းတွင်းချိတ်ဆက်" နိုင်ငံအဖြစ် သိသိသာသာ ပြောင်းလဲပေးနိုင်ခဲ့သည်။ ဤပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းကြောင့် လာအိုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာပြီး ကူမင်းမှ စင်ကာပူအထိ ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။ လာအို၊ ဗီယန်ကျန်းမြို့မှ လန်ဖရာဘန်မြို့သို့ ပုံမှန် ဘတ်စ်ကားဖြင့် ၉ နာရီကြာမြင့်သည့် ခရီးကို အဆိုပါရထားလမ်းပေါ်ရှိ အမြန်ရထားဖြင့် တစ်နာရီခွဲ အတွင်းသာ သွားရောက်နိုင်ပြီဖြစ်သည်။ လန်ဖရာဗန်မြို့သည် ယခုအခါ ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားနေပြီး မြန်မာနိုင်ငံမှ ပုဂံမြို့နှင့် ညီအစ်မမြို့ အဖြစ် သတ်မှတ်ထားသည်။

တရုတ်-လာအိုရထားလမ်းသည် ကုန်းတွင်းပိတ် လာအိုနိုင်ငံကို "ကုန်းတွင်းချိတ်ဆက်" နိုင်ငံအဖြစ် ပြောင်းလဲပေး
Nov 19 • 1:17 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


