ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကုန်းမြင့်ဒေသရှိ တောင်ပေါ်လမ်းတစ်လမ်းဖြစ်သော ခန်လီ (Khanh Le) တောင်ကြားလမ်းကို ဖြတ်ကျော်မောင်းနှင်နေသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စင်းပေါ်သို့ နိုဝင်ဘာ ၁၆ ရက်က မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ ခရီးသည် ခြောက်ဦး သေဆုံး ပြီး ၁၉ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ မြေပြိုမှုဖြစ်စဉ်တွင် မြေသားနှင့် ကျောက်တုံးများက ဘတ်စ်ကား၏ အရှေ့ခြမ်းကို ဖုံးအုပ်သွားခဲ့သဖြင့် ပိတ်မိနေသည့် ခရီးသည် ၃၂ ဦးအနက်မှ ကျန်ရှိသူများကို ကယ်ဆယ်ရေးသမားများက နာရီအတန်ကြာ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရသည်။ ဟိုချီမင်းမြို့တော်မှ ဟာထရန်း ကမ်းရိုးတန်းမြို့တော်သို့ ဦးတည်မောင်းနှင်နေသည့် အဆိုပါဘတ်စ်ကားသည် မိုးရာသီကာလတွင် မြေပြိုမှုများ မကြာခဏဖြစ်တတ်သည့် လမ်းပိုင်းတွင် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
Nov 18 • 8:04 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


