back

တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး

Nov 18 • 5:49 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်နေကြေ...

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်နေကြောင်း ရန်ကုန်ဒေသခံများထံမှ သိရသည်။

ကျောင်းသွားတက်မယ့်သူတွေ မိမိတို့ ဒေသမှာမဟုတ်ဘဲ အဝေးကို ကျောင်းသွားတက်မယ့်သူတွေ ကြိုတင်မဲပေးနိုင်တယ်လို့ လိုက်အသိပေးအော်နေတာပါ”ဟု ဒလမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦး က ပြောသည်။

လာမည့်ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ (၂၈)ရက်သည် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နေမည့်အချိန်ဖြစ်ခြင်းကြောင့် ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။



news-view-count-icon

30