စပါးရိတ်သိမ်းဖို့ ရွှေ့ပြောင်းမြန်မာ အလုပ်သမား တွေ တင်ဆောင်လာတဲ့ ကားကို ထိုင်းနိုင်ငံ၊လမ်းပူးခရိုင် အမြန်လမ်း ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။စပါးရိတ်သိမ်းဖို့ ရည်ရွယ်ချက်နဲ့ လပူးခရိုင်ကို ဦးတည်လာတဲ့ ပစ်ကပ်ထရပ်ကားနောက် မှာ လိုက်ပါလာတဲ့ စာရွက်စာတမ်းမရှိ မြန်မာရွှေ့ပြောင်းလုပ်သား (၃) ဦး ကို လမ်ပူအမြန်လမ်းမကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့တာဖြစ်ပါတယ်။ အမြန်လမ်းမကြီး ၁၀၆ ပေါ်မှာ သံသယဖြစ်ဖွယ် အလုပ်သမားတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစီးကို တွေ့ရှိလို့ ယာဉ်မောင်းကို ရပ်တန့်ခိုင်းပြီး နောက်မှာ လိုက်ပါလာသူတွေကို အထောက်အထားစစ်ဆေးခဲ့ရာ စာရွက်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား (၃) ဦး ပါဝင်နေတယ်လို့ " လမ်ပူအမြန်လမ်းမကြီး ရဲတပ်ဖွဲ့ က ဆိုပါတယ်။ဖမ်းဆီးခံရသူ ကားမောင်းသူမှာ အသက် (၄၅) နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦး ဖြစ်ပြီး၊ လပူးခရိုင် မှာ စပါးရိတ်သိမ်းသူအဖြစ် လုပ်ကိုင်ဖို့ ချင်းမိုင်ခရိုင်မှ ာ အလုပ်သမားအားလုံးကို ငှားရမ်းထားတာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။အဲဒီအဖွဲ့ဟာ လမ်ပူခရိုင်ရှိ စပါးရိတ်သိမ်းတဲ့ လုပ်ငန်းခွင်ကို မရောက်ရှိမီ တာဝန်ရှိသူ တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။အခုလို ဖမ်းဆီးထားသူ တွေ ကို ဥပဒေအရ အရေးယူမှုများ ဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့ ရဲ့ ထုတ်ပြန်ထားချက်တွေအရသိရှိရပါတယ်။



