back

ဂျပန်နိုင်ငံ ၁၈ လအတွင်း ပထမဆုံးအကြိမ်အဖြစ် စီးပွားရေး ကျဆင်း

Nov 18 • 5:11 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံ ၁၈ လအတွင်း ပထမဆုံးအကြိမ်အဖြစ် စီးပွားရေး ကျဆင်း

အမေရိကန်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုတွေနဲ့ ရင်ဆိုင်နေရချိန် ပြည်ပပို့ကုန်ပမာဏ လျော့ကျမှုကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ စက်တင်ဘာလအထိ သုံးလပတ်ကာလအတွင်း ၂ ရ...

အမေရိကန်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုတွေနဲ့ ရင်ဆိုင်နေရချိန် ပြည်ပပို့ကုန်ပမာဏ လျော့ကျမှုကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ စက်တင်ဘာလအထိ သုံးလပတ်ကာလအတွင်း ၂ ရာခိုင်နှုန်း နီးပါး လျော့ကျသွားပြီး သုံးလပတ်ကာလ ၆ ခုအတွင်း ပထမဆုံး စီးပွားရေး ကျဆင်းမှု ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်တဲ့ အစိုးရရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။အခွန်တွေ အသက်ဝင်မလာခင် ပြည်ပပို့ကုန်ပမာဏ တိုးမြှင့်ခဲ့တဲ့ ကာလအပြီး အထူးသဖြင့် မော်တော်ကား ကုမ္ပဏီတွေရဲ့ ပြည်ပသို့ တင်ပို့မှု လျော့ကျခဲ့တာပါ။ဒါပေမဲ့ အလုံးစုံ စီးပွားရေးဟာ မျှော်လင့်ထားသလောက် မကျဆင်းဘဲ စီးပွားရေး ဆုတ်ယုတ်တဲ့ ကာလ တစ်ခု အစပြုမှု မဟုတ်ဘဲ ယာယီ ကျဆင်းမှု ဖြစ်ဖွယ်ရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

news-view-count-icon

16