သိန်းပေါင်း တစ်ထောင်ကျော် စံချိန်တင်ဆုကြေးငွေကို ချီးမြှင့်မည့် LOD Season 3 ၏ Swiss Stage သည် ယနေ့မှ စတင်ကျင်းပမည်ဖြစ်သည်။သိန်းပေါင်း တစ်ထောင်ကျော် စံချိန်တင်ဆုကြေးငွေကို ချီးမြှင့်မည့် LOD Season 3 ၏ Swiss Stage သည် ယနေ့မှ စတင်ကျင်းပမည်ဖြစ်သည်။ MSL MM S2မှ ချန်ပီယံအသင်း Yangon Galacticos အပါအဝင် MSL MM S2 မှ အသင်းများဖြစ်သည့်-·AI Esports·BlackThorn Esports
·Falcon Esports·NewBorns·Paladins·Raion Esports·Team Sevenတို့သည်လည်းယှဉ်ပြိုင်ကြမည်ဖြစ်သည်။LOD Season 3 ၏ အထူးထူးခြားဆုံးသော အချက်မှာ Old Gang အသင်း ဖြစ်သည်။ Old Gang အသင်းသည် ပရိသတ်အားပေးမှု အများဆုံးရရှိသည့် အသင်းတစ်သင်းသာမက LOD Season 1 နှင့် Season 2 နှစ်ခုစလုံးတွင် ချန်ပီယံဆု ရရှိခဲ့သည့် ကစားသမားများ ပါဝင်ဖွဲ့စည်းထားသော အသင်းလည်းဖြစ်သည်။
·Dee (EXP)·Kenn (Jungle)·JustiN (Mid)·Kid (Mid)·ACE (Gold)·Naomi (Roam)
·MayBe (Roam)တို့ပါဝင်သွားမှာလည်းဖြစ်ပါတယ်။LOD Season 3 ၏ Swiss Stage ကို ယနေ့ နိုဝင်ဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်သည်။ Swiss Stage စနစ်သည် ပွဲသုံးပွဲအနိုင်ရပါက ချန်ပီယံဆုအတွက် ခြေစစ်ပွဲသို့ တက်ရောက်ခွင့် ရရှိပြီး ပွဲသုံးပွဲရှုံးပါက ထိုအဆင့်မှ ထွက်ခွာရမည်ဖြစ်သည်။ ၎င်းတို့သည် Best of 1 နှင့် Best of 3 ပုံစံဖြင့် ကစားကြမည်ဖြစ်သည်။ Swiss Stage တွင် အသင်း ၁၆ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်သော်လည်း အသင်း ၈ သင်းသာ ချန်ပီယံဆုအတွက် ခြေစစ်ပွဲ (Playoffs) သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ဤပုံစံသည် M6 နှင့် M7 တွင် ကျင့်သုံးခဲ့သည့် ပုံစံနှင့် အတူတူပင်ဖြစ်သည်။ချန်ပီယံဆုအတွက် ခြေစစ်ပွဲ (Playoffs) ကို နိုဝင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး LOD Season 3 ၊ ချန်ပီယံအသင်းကို ဒီဇင်ဘာ ၇ ရက်နေ့တွင် ကြေညာသတ်မှတ်ပေးမည်ဖြစ်သည်။


