ကရင်ပြည်နယ်ကို ပြည်တွင်းပြည်ပခရီးသွားတွေ ပိုမိုဝင်ရောက်လာစေဖို့ စီမံချက်ဆွဲပြီး ဆောင်ရွက်နေတယ်လို့ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ကပြောသည်။ကရင်ပြည်နယ်မှာ လှပတဲ့ ရေ၊ မြေ၊ တော၊ တောင်ရှုခင်းတွေအပြင် သဘာဝလှိုဏ်ဂူတွေ၊ ရေတံခွန်တွေ၊ လည် ပတ်စရာ ပေါများတဲ့အပြင် ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ ရာသီအလိုက် ပြုလုပ်တဲ့ ကရင်ရိုးရာ ပွဲ တော် တွေကြောင့် ပြည်တွင်း ခရီးသွား သာမက ပြည်ပခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်တဲ့ ဒေသတစ်ခု ဖြစ် တယ် လို့ သိရပါတယ်။ကရင်ပြည်နယ်ကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလအထိ ပြည်တွင်းခရီးသွား ငါးသိန်းကျော်နဲ့ ပြည်ပခရီးသွား လေးရာကျော် ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
| 22 | 0 | 0 | 0 |


