ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရတဲ့ မန်ယူအသင်းရဲ့ အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ လာမယ့် အဲဗာတန်နဲ့ပွဲမှာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။လီဆန်ဒရိုမာတီနက်ဇ်ဟာ ဖေဖော်ဝါရီလက ယှဉ်ပြိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဒူူးအရွတ်စုတ်ပြဲတဲ့ဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည်အနားယူခဲ့ရတာဖြစ်ပြီး မန်ယူအသင်းအတွက် မကစားနိုင်တာ (၉)လကျော် ကြာမြင့်သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ ဒဏ်ရာပျောက်ကင်းသွားပြီဖြစ်တာကြောင့် အောက်တိုဘာလအတွင်း မန်ယူအသင်းနဲ့အတူ လေ့ကျင့်မှုအပြည့် ပြန်လုပ်နိုင်ပြီဖြစ်သလို၊ အခု နိုင်ငံတကာရက်သတ္တပတ်မှာလည်း အာဂျင်တီးနားအသင်းနဲ့အတူ လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Nov 18 • 4:53 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


