ထိုင်းနိုင်ငံ ၊ ကန်ချနာပူရီခရိုင် ၊ ထုံဖဖူမ်မြို့နယ် ၊ ဖီလော့ခီ မြောက်ဘက်ရှိ သစ်တောတွင် တရားမဝင်ရွှေခိုးတူးသူများကို ရှာဖွေ ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၃ ဦးနှင့် ဖီလော့ကီရွာနေ ကရင်လူမျိုး ၁ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ သံသယရှိသူများအား လိုက်လံဖမ်းဆီးရာ ရွှေတူးရန် တွင်းများထဲသို့ ဝင်ရောက်နေသည်ကို တွေ့ရှိခဲ့ပြီး ၄ ဦးကိုသာဖမ်းဆီးနိုင်ခဲ့ကာ ၁၀ ဦးခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံသား ၃ ဦးနှင့် အသက် ၄၅ နှစ်အရွယ် ဖီလော့ခီရွာသား ကရင်လူမျိုးတို့ ဖြစ်ကြောင်း ဖော်ပြသည်။
Nov 18 • 4:35 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


