ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် ထောင်နှင့်ချီသော ကျားဖြန့်တို့ ယနေ့ နံနက်ပိုင်း၌ ဝရုန်းသုန်း ကားထွက်ပြေးနေကြကြောင်း သိရသည်။ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများကို ယနေ့(နိုဝင်ဘာ၁၈ရက်)တွင် မြန်မာဘက်ကပါ ဝင်ရောက်စီးနင်းတော့မည်ဆိုသော သတင်းအရ နိုဝင်ဘာ ၁၇ရက် တစ်ညလုံး အထုပ်ဆွဲ ထွက်ပြေးနေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံက သိရ သည်။ကျားဖြန့်အရေးနှင့်ပတ်သက်ပြီး အမေရိကန်ဖိအားပါ ဝင်လာသောကြောင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကြီးသော ရွှေကုက္ကိုလ်မြို့သစ်ကို အထိမခံလို၍ ကျားဖြန့်နှိမ်နင်းပြခြင်းဖြစ် သည်။



