အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) ၏ (၁၈) ကြိမ်မြောက် ပန်းပွဲတော်ကို “IMMERSIVE FLOWERS FESTIVAL “အမည်ဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၆) ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။နှစ်စဉ်ကျင်းပနေကြ ပန်းပွဲတော်ကို ယခုနှစ်တွင်လည်း ယခင်နှစ်များနှင့်မတူညီသည့် ပန်းပြကွက်ပုံစံအမျိုးမျိုးကို ဖော်ထုတ်ပြသရန် ကြိုးစားပြင်ဆင်ထားကြောင်းလည်း သိရသည်။



