back

မြန်မာလုပ်သားများအတွက် CI မှ PJ သို့ ပြောင်းလဲထုတ်ပေးနေသည့် ယာယီအချက်အလက်ကောက်ယူရေးဌာန ခေတ္တရပ်ဆိုင်းမည်

Nov 16 • 1:23 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မြန်မာလုပ်သားများအတွက် CI မှ PJ သို့ ပြောင်းလဲထုတ်ပေးနေသည့် ယာယီအချက်အလက်ကောက်ယူရေးဌာန ခေတ္တရပ်ဆိုင်းမည်

နိုဝင်ဘာလ ၁၅ ရက်မှ စတင်ကာ ထိုင်းနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာများရွှေ့ပြောင်းလုပ်သားများ မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် Certificates of Identific...

နိုဝင်ဘာလ ၁၅ ရက်မှ စတင်ကာ ထိုင်းနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာများရွှေ့ပြောင်းလုပ်သားများ မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် Certificates of Identification(CI)မှ နိုင်ငံကူးလက်မှတ်(PJ)သို့ ပြောင်းလဲ ထုတ်ပေးနေသည့်ဌာနကို ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ CI မှ PJ သို့ ပြောင်းလဲထုတ်ပေးနေသည့် ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ Temporary Data Collection Centre - TDCC ကို ရပ်ဆိုင်းသွားမည်ဖြစ်သည်။ထို့ကြောင့် CI စာအုပ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲလျှောက်ထားခွင့်များ ယာယီရပ်တန့်သွားမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

12