ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်နေစဥ် မီးလောင်မှုဖြစ်ပွားခဲ့ရာဒဏ်ရာရရှိသွားသူများမှာ မောင်တောမြို့နယ်၊ လောင်းဒုံ ကျေးရွာမှ ဦးလှမောင်၏သား အသက် ၃၃ နှစ်အရွယ် ကျော်မိုးလှိုင်နှင့် ကြိမ်ချောင်းကျေးရွာမှ ဦးမောင်းသန်းရွှေ၏ သား အသက် ၂၉ နှစ်အရွယ် ဖြိုးဝင်းတို့ ဖြစ်ကြသည်။နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ဓာတ်ဆီဆိုင်တွင် ဆီဖြည့်နေစဥ် ဓာတ်ဆီဗူး မှောက်ကျပြီး မြေပြင်သို့ စီးကျရာ အနီးနားရှိ မီးပုံထဲသို့ ကူးစက်၍ ရုတ်တရက် မီးထလောင်ခဲ့ခြင်းဖြစ် ကြောင်း ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များက ပြောသည်။ဒဏ်ရာရရှိသူ နှစ်ဦးလုံးမှာ နီးစပ်ရာ ဆေးခန်းတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။



