back

၂၀၂၆ အာဆီယံဟွန်းဒိုင်းဖလားပြိုင်ပွဲကို အာဆီယံဒေသတွင်းက အသင်း (၁၁) သင်းစလုံး ပါဝင်ယှဥ်ပြိုင်ရမည်

Nov 16 • 7:26 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၆ အာဆီယံဟွန်းဒိုင်းဖလားပြိုင်ပွဲကို အာဆီယံဒေသတွင်းက အသင်း (၁၁) သင်းစလုံး ပါဝင်ယှဥ်ပြိုင်ရမည်

၂၀၂၆ အာဆီယံဟွန်းဒိုင်းဖလားပြိုင်ပွဲကို အာဆီယံဒေသတွင်းက အသင်း (၁၁) သင်းစလုံး ပါဝင်ယှဥ်ပြိုင်ရမှာဖြစ်ပြီး (၉) သင်းက တိုက်ရိုက်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ တိုက်ဂါးဖ...

၂၀၂၆ အာဆီယံဟွန်းဒိုင်းဖလားပြိုင်ပွဲကို

အာဆီယံဒေသတွင်းက အသင်း (၁၁) သင်းစလုံး

ပါဝင်ယှဥ်ပြိုင်ရမှာဖြစ်ပြီး (၉) သင်းက တိုက်ရိုက်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ တိုက်ဂါးဖလား၊ ဆူဇူးကီးဖလား၊ မစ်ဆူဘီရှီအီလက်ထရစ်ဖလားလို့ အမျိုးမျိုးခေါ်ဝေါ်ခဲ့တဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို AFF ဟာ ၁၉၉၆ ခုနှစ်ကတည်းက (၂) နှစ် တစ်ကြိမ် စတင်ကျင်းပလာခဲ့တာဖြစ်ပါတယ်။ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဇူလိုင် (၂၄) ရက်ကနေ သြဂုတ် (၂၆) ရက်အထိ တစ်လကျော်ကြာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပြိုင်ပွဲကို အာဆီယံဒေသတွင်းက ဘောလုံးအဆင့်သတ်မှတ်ချက် အနိမ့်ဆုံး (၂) သင်းက ခြေစစ်ပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားရမှာဖြစ်ပြီး တစ်သင်း ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲကို အသင်း (၁၀) သင်းနဲ့ ကျင်းပမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ (၅) သင်း (၂) အုပ်စုခွဲကာ အုပ်စုပတ်လည် တစ်ကျော့စနစ်နဲ့ ကျင်းပမှာဖြစ်ပါတယ်။ အုပ်စုအဆင့်ပွဲတွေကို ဇူလိုင် (၂၄) ရက်ကနေ သြဂုတ် (၈) ရက်အထိ ကျင်းပမှာပါ။ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲအဆင့်တွေကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်နဲ့ သြဂုတ် (၁၅) ရက်ကနေ (၂၆) ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။



news-view-count-icon

43