back

ဆာအဲလက်စ်ဖာဂူဆန်က မန်ယူနိုက်တက်နည်းပြနှင့် ဂိုးသမားတို့ကို ချီးကျူးစကားဆို

Nov 16 • 6:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆာအဲလက်စ်ဖာဂူဆန်က မန်ယူနိုက်တက်နည်းပြနှင့် ဂိုးသမားတို့ကို ချီးကျူးစကားဆို

မန်ယူနိုက်တက်ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်သည် Bahrain International Trophy မြင်းစီးပြိုင်ပွဲသို့ တက်ရောက်လာစဉ် ၎င်း၏အသင်းဟောင်းနှင့်ပတ်သက်၍ ပြောကြားရာတွင်၊ မန်...

မန်ယူနိုက်တက်ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်သည် Bahrain International Trophy မြင်းစီးပြိုင်ပွဲသို့ တက်ရောက်လာစဉ် ၎င်း၏အသင်းဟောင်းနှင့်ပတ်သက်၍ ပြောကြားရာတွင်၊ မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်သည် ကောင်းမွန်သော ကစားသမားများ လက်မှတ်ထိုးခေါ်ယူနိုင်ခဲ့ပြီး အထူးသဖြင့် ဂိုးသမား လမ်မန်းစ်သည် သုံးပွဲ၊ လေးပွဲခန့်သာ ကစားရသေးသော်လည်း ထူးချွန်စွာ ကစားနိုင်ခဲ့ကြောင်း ချီးကျူးပြောဆိုခဲ့ကာ၊ လက်ရှိအသင်းသည် ပွဲဆက်အနိုင်ရခြင်းနှင့်အတူ တိုးတက်မှုများ ပြသနေပြီး စောင့်ဆိုင်းမှုနှင့် စိတ်ရှည်သည်းခံမှုများအပြီးတွင် အောင်မြင်မှုများ ရရှိလာမည်ဟု မျှော်လင့်ကြောင်း၊ မန်ယူနိုက်တက်အသင်းသည် လက်ရှိတွင် ရှုံးပွဲမရှိ ငါးပွဲဆက်တိုက် ကစားနိုင်ခဲ့ပြီး အဆင့် ခုနစ်နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

news-view-count-icon

29