ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့၊ ထေးငှားလျားကန်နှင့် ကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေးပြီး ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ၍ အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေများပေးအပ်သည်။သွပ်၊ စောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို အသီးသီး ပေးအပ်ရာ ကျေးရွာကိုယ်စားလှယ်များက လက်ခံရယူကြပြီး ကျေးရွာနေပြည်သူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။
Nov 16 • 5:47 AM
မြန်မာ
ကယား
မျှဝေမည်
| 24 | 0 | 0 | 0 |


