back

နေ့စဉ်မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၇:၀၀ နာရီ ထုတ်ပြန်ချက်)

Nov 16 • 5:01 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နေ့စဉ်မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၇:၀၀ နာရီ ထုတ်ပြန်ချက်)

ယနေ့ညနေအထိ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀% ရ...

ယနေ့ညနေအထိ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀% ရှိသည်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် အများအားဖြင့် သာယာမည်။ ကျန်ဒေသများတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပြီး လှိုင်းအသင့်အတင့်ရှိမည်။ နောက် (၂) ရက်အတွက် တနင်္သာရီတိုင်း တွင် နေရာကျဲကျဲ မိုးရွာနိုင်သည်။

news-view-count-icon

25