မနေ့ညက ကစားခဲ့သော ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များအပြီးတွင် ဥရောပဇုန်မှ စပိန်နှင့် ဆွစ်ဇာလန်အသင်းတို့သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင်ကစားခွင့် ရရှိခဲ့ပြီဟု ဆိုနိုင်သည်။ စပိန်အသင်းသည် အဝေးကွင်းတွင် ဂျော်ဂျီယာအသင်းကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ဆွစ်ဇာလန်အသင်းကမူ အိမ်ကွင်းတွင် ဆွီဒင်အသင်းကို ၄-၁ ဖြင့် အနိုင်ရခဲ့သည်။ ၎င်းတို့နှစ်သင်းသည် ဒုတိယနေရာမှ အသင်းများကို ၃ မှတ်စီ အသာရရှိထားသည့်အပြင် ဂိုးကွာခြားချက်တွင်လည်း ၁၀ ဂိုးနှင့်အထက် ရှိနေသည့်အတွက် နောက်ဆုံးပွဲစဉ်၌ ရှုံးနိမ့်ခဲ့လျှင်ပင် အုပ်စုပထမနေရာကို ဆက်လက်ထိန်းသိမ်းကာ နယ်သာလန်နှင့် နော်ဝေအသင်းတို့နည်းတူ ကမ္ဘာ့ဖလားဝင်ခွင့်ကို ရယူသွားနိုင်ခဲ့ပြီ ဖြစ်သည်။
စပိန်နှင့် ဆွစ်ဇာလန်တို့ ၂၀၂၆ ကမ္ဘာ့ဖလားပွဲ ပါဝင်ခွင့် ရရှိပြီ
Nov 16 • 4:55 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


