ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်ရှိ စားသောက်ကုန်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၆၉ ဦး သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် စက်ရုံ၏ လုပ်ငန်းသဘောသဘာဝ (နေ့စားမှ ပုတ်ပြတ်စားသို့) အတင်းအကျပ် ပြောင်းခိုင်းမှုကို သဘောမတူရာမှ အလုပ်ဖြုတ်ခံခဲ့ရသည်။ယင်းအလုပ်သမားများအတွက် လုပ်အားခနှင့် အချိန်ပိုကြေး စုစုပေါင်း ဘတ် ၉၁၂,၄၁၆ (၇၅၄,၄၁၆ + ၁၅၈,၀၀၀) ခန့် မရရှိသေးသည့်အပြင်၊ အလုပ်သမားများ၏ ဆန္ဒမပါဘဲ လုပ်အားခထဲမှ စုကြေးငွေ ဘတ် ၃၅၀,၀၀၀ ကိုပါ ဖြတ်တောက်ထားကြောင်း WAG အဖွဲ့ မှ သိရသည်။မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်လိုကြပြီး၊ အကယ်၍ အလုပ်ပြန်ဝင်ခွင့်မရပါက ထိုက်သင့်သည့် နစ်နာကြေးနှင့် စာရွက်စာတမ်းကိစ္စများ ပြီးမြောက်သည်အထိ ဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း WAG အဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုင်းနိုင်ငံ၊ စားသောက်ကုန်စက်ရုံမှ မြန်မာလုပ်သား ၁၆၉ ဦး အလုပ်ဖြုတ်ခံရပြီး လစာ ဘတ် တစ်သန်းခန့် မရသေး
Nov 16 • 4:53 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


