အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ယာယီပိတ်ဆို့ထားပြီးနောက် ရခိုင်ဒေသတွင်း အခြေခံ စားသောက်ကုန်ပစ္စည်းအချို့ ဈေးနှုန်းမြင့်တက်နေကြောင်း ဆိုင်ပိုင်ရှင်များနှင့် ဒေသခံများထံမှ သိရသည်။ရခိုင်ဒေသသို့ အဓိက ကုန်သွယ်မှုပြုလုပ်နေသည့် မီဇိုရမ်-ပလက်ဝကုန်သွယ်ရေးလမ်ကြောင်းကို ဝမ်းရောဂါကြောင့် နိုဝင်ဘာ ၁၂ မှ ၂၀ ရက်အထိ နှစ်ဖက်အာဏာပိုင်များမှ တစ်ပတ်ကြာ ယာယီ ပိတ်ထားခြင်းဖြစ်သည်။လက်ရှိတွင် စားသုံးဆီ တစ်လီတာကို ငွေကျပ် ၈,၀၀၀ မှ ၁၁,၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿ ၇,၀၀၀ မှ ၁၀,၀၀၀ ကျပ်၊ အာလူးတစ်ပိဿကို ၇,၀၀၀ မှ ၈,၀၀၀ ကျပ်မှ အိန္နိယ ကြက်ဥတစ်လုံး ၇၀၀ မှ ၈၀၀ ကျပ်၊ Sunday ကော်ဖီတစ်ထုပ်ကို ၂၀,၀၀၀ မှ ၂၅,၀၀၀ ကျပ်၊ ပရီးမီးယားကော်ဖီတစ်ထုပ် ၁၉,၀၀၀ မှ ၁၁,၀၀၀ ကျပ် စသဖြင့် ဈေးနှုန်းများ မြင့်တက်သွားခြင်းဖြစ်သည်။ရခိုင်ဒေသအတွင်း ဆေးဝါးအပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအားလုံးနီးပါးကို အိန္နိယနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ တဆင့်တင်သွင်းနေကြရတာ ဖြစ်ပါသည်။



