မလေးရှားကိုယ်စားပြုအဖြစ် M Series ကို အကြိမ်ရေအများဆုံးတက်ရောက်ခဲ့ဖူးတဲ့ Ciku ကို M7 World Championship မှာ ပြန်လည်မြင်တွေ့ရပါတော့မယ်။ မနေ့တုန်းက Ciku ပါဝင်တဲ့ CG Esports နဲ့ Monster Vicious အသင်းတို့ဟာ တကယ့် Grand Final နဲ့ပိုတူတဲ့ Lower Bracket Final (BO7) ကို ၇ ပွဲလုံးအပြည့် အပြိုင်အဆိုင်ကစားရင်း M7 တက်ရောက်ခွင့်ကို ရယူခဲ့ကြပါတယ်။အဲ့ဒီပွဲစဉ်ဟာ MPL MY သမိုင်းမှာ BO7 ပြည့်တဲ့ဒုတိယမြောက်ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။Ciku နဲ့ CG Esports ဟာ MLBB Academy League - MAL Season 3 မှာ Champions ဆုယူခဲ့ပြီး အခုကျင်းပနေတဲ့ MPL MY S16 ကိုတက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။Regular Season မှာ SRG.OG နဲ့အပြိုင်အဆိုင် အဆင့် ၁ လုခဲ့ကြတဲ့အပြင် အခုဆို M7 ကိုတောင်တက်ရောက်ခွင့်ရရှိသွားကာM1 မတိုင်ခင်ကတည်းက ထိပ်တန်းမလေးရှားကစားသမားတစ်ယောက်ဖြစ်တဲ့ Ciku ဟာ ဝါအရင့်ဆုံးမလေးရှားကစားသမားတွေထဲကတစ်ယောက်ဖြစ်သလို သူ့ရဲ့ကစားသမားသက်တမ်းမှာ Hyper Carry Jungler, Gold Laner, Mid Laner အဖြစ် Role အမျိုးမျိုးပြောင်းလဲကစားခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ရာသီဆိုရင် MPL Malaysia ဟာ MPL ID နဲ့ MPL PH တို့လို Franchise League အဖြစ်ပြောင်းလဲတော့မှာဆိုတော့ ဒီရလဒ်ဟာ Ciku အတွက်ရော၊ CG Esports အတွက်ရော တကယ့်အလားအလာကောင်းတစ်ခု ဖြစ်ပါတယ်။ဒီနေ့လည်း Ciku နဲ့ CG Esports ဟာ MPL MY ၃ ရာသီဆက် Champion SRG.OG ရဲ့ Win Streak ကို ထပ်မံစိန်ခေါ်ကြဦးမှာ ဖြစ်ပါတယ်။
ဒီနေ့လည်း မလေးရှားရဲ့Ciku နဲ့ CG Esports ဟာ MPL MY ၃ ရာသီဆက် Champion SRG.OG ရဲ့ Win Streak ကို ထပ်မံစိန်ခေါ်
Nov 16 • 2:06 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


