back

ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ချင်းတွင်းဥရုရှမ်းနီလူငယ်ဖလား ဖူဆယ်ပြိုင်ပွဲ ဟုမ္မလင်း၌ ဖွင့်ပွဲကျင်းပ

Nov 16 • 1:53 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ချင်းတွင်းဥရုရှမ်းနီလူငယ်ဖလား ဖူဆယ်ပြိုင်ပွဲ ဟုမ္မလင်း၌ ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ရှမ်းနှစ် (၂၀၂၀) နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် ချင်းတွင်း ဥရု ရှမ်းနီလူငယ်ကွန်ယက်အကြီးအကဲဖလား ဖူဆယ်အားကစားပြိုင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ရှမ်းနှစ် (၂၀၂၀) နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် ချင်းတွင်း ဥရု ရှမ်းနီလူငယ်ကွန်ယက်အကြီးအကဲဖလား ဖူဆယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်နေ့၊ မွန်းလွဲ ၃ နာရီတွင် မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။ပြိုင်ပွဲဝင်အသင်းသားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပြီး၊ အထက (၂) ကျောင်းမှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့၊ Honors Education Centre မှ Fitness Dance အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။အဆိုပါဖူဆယ်ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၃၆ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ပြိုင်ပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

28