back

ဖမ်းဆီးခံ ဆရာတော် ဒေါက်တာဝိသုတ ပြန်လည်လွတ်မြောက်ရေး ရွှေတိဂုံစေတီတော်၌ ဆုတောင်းမေတ္တာပို့သမည်

Nov 16 • 1:43 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဖမ်းဆီးခံ ဆရာတော် ဒေါက်တာဝိသုတ ပြန်လည်လွတ်မြောက်ရေး ရွှေတိဂုံစေတီတော်၌ ဆုတောင်းမေတ္တာပို့သမည်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာနှင့် ရွှေဘိုမြို့ရှိ ကျောင်းတိုက်များ တည်ထောင်ခဲ့သော ဆရာတော် ဒေါက်တာဝိသုတ အပါအဝင် ကိုရင်ကြီး (၁) ပါးနှင့် အမျိုးသမီး (၁) ဦးတို့အား နိုဝ...

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာနှင့် ရွှေဘိုမြို့ရှိ ကျောင်းတိုက်များ တည်ထောင်ခဲ့သော ဆရာတော် ဒေါက်တာဝိသုတ အပါအဝင် ကိုရင်ကြီး (၁) ပါးနှင့် အမျိုးသမီး (၁) ဦးတို့အား နိုဝင်ဘာ ၅ ရက်နေ့က လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယခုထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။ဖမ်းဆီးခံရသည်မှာ ၁၀ ရက်ပြည့်ပြီဖြစ်သော်လည်း ဆရာတော်ကြီး၏ သတင်းကို မည်သည့်အချက်အလက်မှ မသိရသေးသည့်အတွက် ဆရာတော်ကြီး ပြန်လည်လွတ်မြောက်စေရေးအတွက် ဆရာတော်၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များသည် နိုဝင်ဘာ ၁၆ ရက် နံနက် ၆ နာရီ တွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ အောင်မြေနေရာ၌ စုပေါင်း၍ ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

news-view-count-icon

35