တောင်ကိုရီးယားနိုင်ငံ၊ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုကိစ္စဖြင့် စကားများရာမှ ၎င်း၏ရည်းစားအား လည်ပင်းညှစ်သတ်ခဲ့ပြီး အလောင်းကို ကင်ချီရေခဲသေတ္တာထဲတွင် အပူချိန် အနှုတ် ၃၂ ဒီဂရီ စင်တီဂရိတ် ဖြင့် တစ်နှစ်နီးပါးကြာ သိမ်းဆည်းထားခဲ့မှုဖြင့် ရုံးတင်စစ်ဆေးခံနေရသည်။ အဆိုပါအမျိုးသားသည် သေဆုံးသူ၏ အိမ်လခကို ပုံမှန်ဆက်လက်ပေးသွင်းခြင်း၊ ဖုန်းမက်ဆေ့ချ်များကို ပြန်လည်ဖြေကြားခြင်းဖြင့် အသက်ရှင်နေသေးဟန် ဟန်ဆောင်ခဲ့သည့်အပြင် သေဆုံးသူ၏နာမည်ဖြင့် ဝမ်ငွေ ၈၈ သန်း အထိ ချေးယူခဲ့သည်။ သေဆုံးသူ၏ညီမဖြစ်သူက သံသယဝင်၍ ရဲတိုင်ခဲ့ရာမှ စက်တင်ဘာ ၂၉ ရက်နေ့တွင် ရဲများက ၎င်း၏တိုက်ခန်း၌ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းအမျိုးသားသည် စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုတွင် ဝမ် ၄၀ သန်း ဆုံးရှုံးခဲ့ပြီးနောက် လက်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲစစ်ဆေးမေးမြန်းမှုတွင် ထွက်ဆိုခဲ့သည်။ ဤအမှုကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပထမအကြိမ်ကြားနာခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် ဒုတိယအကြိမ် ထပ်မံကြားနာမည်ဖြစ်သည်။
Nov 16 • 1:30 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


