သရုပ်ဆောင်စိုးပြည့်သဇင်ဟာသရုပ်ဆောင်ဟိန်းဝေယံအားသူမကို အရမ်းချစ်တာတော့ သိတာကြောင့် သူမအနေနဲ့ အများကြီးပြောစရာမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူမအပေါ်မှာ တစ်သက်လုံး သစ္စာရှိရှိ ချစ်ပေးသွားဖို့ကို ဟိန်းဝေယံဆီကတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ ဒီညလေးဟာ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ရဲ့ မင်္ဂလာ ညစာစားပွဲညလေးလည်း ဖြစ်ပါတယ်။



